Myanmar Current News

news posts about recent developments in myanmar

More bodies of monks found in the river October 8, 2007

Filed under: Uncategorized — cmpp @ 12:20 pm

1clip_image002.gif

 

speaking, hearing and seeing no evil October 7, 2007

Filed under: Uncategorized — cmpp @ 9:28 pm

From Facebook Group: Photos from Support the Monks’ protest in Burma
(Photo posted by Jay Gatsby)

three-novices_jay-gatsby.jpg

 

Be Practical – UN

Filed under: news,Sangha,UN,UNSC — cmpp @ 7:19 pm

ရိုးမ-၃

ကုလသမဂ္ဂမှ လက်တွေ့ကျသည့်လုပ်ရပ်ကို လုပ်ရန်လိုသည်ဟုတပ်ပေါင်းစုသံဃာတပါးက မိန့်ဆို

ဗထူး။ အောက်တိုဘာ ၆၊ ၂၀၀၇

ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြဆွေးနွေးချက်များကို အားရသော်လည်း လက်တွေ့ကျသည့် အရေးယူဆောင်ရွက်ချက်ဖြစ်ဖို့ လိုသည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ဝင် သံဃာတပါးက ယနေ့ မိန့်ဆိုသည်။

စစ်အစိုးရက ဆန္ဒပြသံဃာများနှင့် ပြည်သူများအား အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးနေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြဆွေးနွေးမှုများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ မိန့်ဆိုခြင်းဖြစ်သည်။

(more…)

 

Ongoing Battle for Burma’s Freedom

Filed under: news,statement — cmpp @ 7:14 pm

မပြီးဆုံးသေးသော မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ

(နယ်ခြားမဲ့မြန်မာဘလောဂါ့များ)

အခုဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ပြည်တွင်းမှာ ငြိမ်သက်သွားတယ်လို့ ထင်ရပါတယ်။ စောင့်ကြည့်နေသူတွေ အနေနဲ့လည်း ဒါဟာပြီးဆုံးသွားပြီလားလို့ တွေးတောနေကြမလားပဲ။ စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းလိုက်လို့ ၁၉၈၈ ကလို ငြိမ်သွားကြတော့မှာလား။ ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ရွေးကောက်ပွဲတွေလုပ်၊ အနိုင်ရပါတီကို ချက်ချင်း အာဏာလွှဲပေးတော့မယောင် စစ်တပ်က စစ်တန်းလျားကိုပဲ ပြန်သွားတော့မယောင် မျှော်လင့်ချက်အလွဲတွေ ပေးခဲ့တာဟာ စစ်အုပ်ချုပ်ရေး အဓွန့်ရှည်ဖို့ ဖြစ်ခဲ့ပါတယ်။ အခု ကာလမှာ ၁၉၈၈ လူထုအုံကြွမှု နဲ့ မတူတာကတော့ လူတွေဟာ စစ်အစိုးရရဲ့ အလိမ်အညာကို မခံကြတော့ပါဘူး။

(more…)

 

Burmese Movement Internationally

Filed under: photo — cmpp @ 5:55 pm

FranceIndiaSwedenThailand

 

ABSDF raises fund to fight for democracy (4 Oct 2007)

Filed under: news — cmpp @ 5:52 pm

absdf-announcement.gif

 

Untold story: how Burma brutalised its monks

Filed under: news — cmpp @ 5:39 pm

The Sydney Morning Herald

Connie Levett in Rangoon
October 8, 2007

THE mystery of what happened to Burma’s saffron army, the thousands of monks who inspired a nation to rise up against a brutal regime, then vanished overnight, has been unlocked.

Taken from their monasteries in a wave of midnight raids, they have been held in primitive, humiliating conditions designed to break them down physically, emotionally and spiritually.

The account of an 18-year-old novice, who was taken from the Mingalar Rama monastery in Rangoon, reveals that while the military may be in physical control, the monks still wield a powerful spiritual weapon.

(more…)

 

UN Webcasts (5 October 2007) October 6, 2007

Filed under: news,UN — cmpp @ 4:17 pm

Media Stakeout: Informal comments to the Media by the President of the Security Council and Permanent Representative of Ghana, Ambassador Leslie K. Christian, on the situation in Myanmar.
[Webcast: Archived Video – 3 minutes ]

Media Stakeout: Informal comments to the Media by the Special Advisor to the Secretary-General on the International Compact with Iraq and Other Political Issues and Special Adviser to the Secretary-General on Myanmar, Mr. Ibrahim Gambari, on the situation in Myanmar.
[Webcast: Archived Video – 12 minutes ]

Media Stakeout: Informal comments to the Media by the Permanent Representative of the United Kingdom, Ambassador Sir John Sawers KCMG, on the situation in Myanmar.
[Webcast: Archived Video – 4 minutes ]

Media Stakeout: Informal comments to the Media by the Deputy Permanent Representative of France, Ambassador Jean-Pierre Lacroix, on the situation in Myanmar.
[Webcast: Archived Video – 11 minutes ]

Media Stakeout: Informal comments to the Media by Permanent Representative of Japan, Ambassador Yukio Takasu, on the situation in Myanmar.
[Webcast: Archived Video – 11 minutes ]

Media Stakeout: Informal comments to the Media by the Permanent Representative of the United States of America, Ambassador Zalmay Khalilzad, on the situation in Myanmar.
[Webcast: Archived Video – 6 minutes ]

Security Council: The situation in Myanmar.
[Webcast: Archived Video – English: 1 hour and 43 minutes ]
[Webcast: Archived Video – Original Language: 1 hour and 43 minutes ]

 

Gambari Speech at UNSC Open Session (5 October 2007)

Filed under: news,Speech,UN,UNSC — cmpp @ 2:14 pm

ကုလသမဂ္ဂအတွင်းရေးမှူး၏ အထူးသံကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြောကြားသော မိန့်ခွန်း

PDF download

 

United Nations Secruity Council’s Report on Myanmar (4 October 2007)

Filed under: news,Report,UN,UNSC — cmpp @ 2:10 pm

ကုလသမဂ္ဂလုံခြုံရေးကောင်စီ က ထုတ်ပြန်သော မြန်မာနိုင်ငံအရေး နှင့် ပတ်သက်သည့် အစီရင်ခံစာ။ (၄ – အောက်တိုဘာ – ၂၀၀၇)

PDF download

 

Burma’s Military Ruler Sets Conditions for Talks with Opposition Leader Aung San Suu Kyi October 4, 2007

Filed under: news,VOA — cmpp @ 10:11 pm

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မစ္စတာ ဂမ်ဘာရီနဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျွန်တော်တို့အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်ဆောင်နေသည့် အချက်၎ချက်ရှိကြောင်း၊ ၄င်းတို့မှာ ထိပ်တိုက်ရင်ဆိုင်ရေး (confrontation)၊ အလုံးစုံပျက်သုဉ်းရေး(utter devastation)၊ အဆိုပါဆောင်ရွက်ပိတ်ဆို့မှု ၄ ချက်ကို သူမအနေဖြင့် စွန့်လွှတ်ကြောင်းကြေညာရန်နှင့် ထိုသို့ကြေညာပါက မိမိကိုယ်တိုင်သူမနှင့် စကားပြောမည်ဖြစ်ကြောင်းတို့ကို ပြောဆိုမှာကြားလိုက်ပါသည်။”

မြန်မာ့ရုပ်မြင်သံကြားမှ ကြေညာချက်

VOA News
Washington
04 October 2007

48787_1.jpg

Burma’s state media says the country’s military ruler is willing to meet with pro-democracy leader Aung San Suu Kyi, as the crackdown against pro-democracy activists continues.

State media reported Thursday that General Than Shwe told UN envoy Ibrahim Gambari this week that he is willing to meet directly with the opposition leader if she gives up her support for confrontation and sanctions against the government.

Gambari, who met with both figures during his trip to Burma, is preparing to report today to UN Secretary-General Ban Ki-moon on last week’s bloody crackdown in Rangoon.

Ban said Wednesday that Gambari delivered a strong message to the ruling generals. But the secretary-general said he could not call the trip a success.

Witnesses say the military government has rounded up more activists in night-time raids in Rangoon. State media today put the number of arrests over the past week at more than two thousand.

Burmese authorities today released a UN staff member along with her two relatives and driver who were detained Wednesday.

Some military officers are refusing to follow orders, and there are reports of dissension in the military’s ranks. One former colonel told VOA (in an interview in Bangkok) he fled Burma because he could not follow orders to use violence.

Burmese officials say the crackdown on pro-democracy protesters left 10 people dead. Dissidents put the number of fatalities at 200.

It is difficult to get complete reports from inside the country. Burmese authorities have blocked Internet access and have put restrictions on telecommunications and visits by foreign journalists.

The UN Security Council is expected to meet Friday to discuss the human rights situation in Burma.

 

Filed under: statement — cmpp @ 11:19 am


Free Burma!

 

how military controls peaceful demonstration with “Utmost Restraint” October 3, 2007

Filed under: CNN,news,video — cmpp @ 10:00 pm
 

Ibrahim Gambari Visit October 2007

Filed under: news,photo — cmpp @ 9:20 pm

He may come and he may go ….

but … military will continue killing its own people.

g04.jpgg03.jpgg05.jpgg06.jpgg08.jpgg02.jpgg011.jpg

 

U.N. worker arrested in Myanmar

Filed under: news — cmpp @ 3:29 pm

Published: October 3, 2007

BANGKOK, Oct. 3 — A local staff member of the United Nations in Myanmar and three of her family members were taken from their home in Yangon before dawn today as part of an ongoing crackdown on demonstrators.

Charles Petrie, the most senior official for the United Nations in the country, said a 38-year-old woman, her husband and two relatives were detained by security personnel at 4 a.m. He said he was not releasing their names to avoid jeopardizing their return.

(more…)

 

Brief News 30 September 2007 September 30, 2007

Filed under: news — cmpp @ 2:54 pm

brief-30-sep-2007.jpg

စက်တင်ဘာ ၃၀ ရက် ၂၀၀၇ ခုနှစ်

ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာစံတော်ချိန် ၁၅း၄၀ (သတင်းလွှင့်တင်ချိန်)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီသည် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့ နေ့လယ်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂမ်ဘာရီသည် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်နှင့် မိနစ် ၂ဝ ခန့်ကြာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကြပ်ပြေး နေပြည်တော်မှ ပြန်လာသော ကုလ ကိုယ်စားလှယ် ခေါင်းဆောင်သော ၃ ဦးပါ အဖွဲ့သည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံအပြီး အပြန်တွင် ဒေါ်စုနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

ဘန်ကောက်မှာလည်း ဆန္ဒပြ

မြန်မာစံတော်ချိန် ၁၅း၁၀ (သတင်းလွှင့်တင်ချိန်)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရွှေ့ပြောင်း အလုပ်သမား ၁ဝဝဝ ခန့်က မြန်မာသံရုံး ရှေ့တွင် ယနေ့ နံနက် ၉နာရီခွဲလောက်က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

“ဒီမိုကရေစီရရှိရေး၊ ကျောင်းသား ခေါ်ဆောင်များ ပြန်လွတ်ပေးရေးနှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သံဃာတော်များကို သတ်သည့် နအဖ စစ်အစိုးရ အလိုမရှိ” စသည့် ကြွေးကျော်သံများ အော်ဟစ် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

လူတိုင်း ခေါင်းဆောင်ပါဟု တပ်ပေါင်းစု ဆရာတော် ဦးဂမ္မီရ ပြော

မြန်မာစံတော်ချိန် ၁၅း၀၀ (သတင်းလွှင့်တင်ချိန်)

ပြည်သူလူထု အနေဖြင့် ကိုယ့်ဘာသာကိုယ် ဦးဆောင် ဆန္ဒပြချိန်တန်ပြီ ဖြစ်ကြောင်း စစ်အစိုးရက အပူတပြင်း လိုက်လံ ရှာဖွေနေသော သံဃာ့ တပ်ပေါင်းစုမှ ဦးဆောင်သူ တဦးဖြစ်သူ ဆရာတော် ဦးဂမ္မီရ က ပြေးလွှားနေရင်းက မဇ္ဈိမ ကို ပြောပြသည်။

“လူထုအနေနဲ့ ခေါင်းဆောင်တွေကို မမျှော်နဲ့တော့၊ ကိုယ့်ကိုကိုယ် ခေါင်းဆောင်အဖြစ် ဖော်ထုတ်ပါ၊ ကိုယ့်ကိုကိုယ် ဗဟိုပြုပါ၊ ကိုယ့်ကိုကိုယ် ဦးဆောင်ဖို့ အရေးကြီးတယ်။ သံဃာတော်တွေက ရှေ့မှာ အများကြီး လုပ်ဆောင်သွားပြီးပြီ။ အဖမ်းဆီး ခံရတာတွေ၊ ထောင်ထဲ ရောက်နေတာတွေ၊ စစ်ကြောရေးမှာ ရောက်နေတာတွေ၊ ပြီးတော့ ပျံလွန်တော်မူ သွားကြပြီးပြီ” ဟု ဆရာတော်က ပြောသည်။

“(ဘုန်းကြီးကျောင်းရှေ့မှာ လက်နက် တကားကားနဲ့၊ ယူနီဖောင်း တကားကားနဲ့၊ အဲသလို လုပ်တာဟာ သူတို့ရုပ်လုံးကို နိုင်ငံတကာပေါ်တယ်။ အာဏာရှင်တောင် မကတော့ဘူး အကြမ်းဖက်သမား အဖြစ် ကမ္ဘာက သိတယ်။” ဟု သူက ထပ်ပြောသည်။

“ကျောင်းအပြင်ဘက်မှာ လုပ်လို့ မရရင်၊ ကျောင်းအတွင်းမှာ လုပ်လို့ရတာ ရှိပါတယ်။”

စင်္ကာပူအမတ်များ မြန်မာစစ်အစိုးရကို ရှုတ်ချ

မြန်မာနိုင်ငံတွင်း စစ်အစိုးရက ဆန္ဒပြသူများကို သတ်ဖြတ်မှုများကို ကန့်ကွက်သောအားဖြင့် စင်္ကာပူ အတိုက်အခံ ပါလီမန်အမတ် ၁၁ ဦးက မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြကြသည်။

အနီရောင်စတစ်ကာပါသော အင်္ကျီများ၊ လက်ပတ်များ ဝတ်ဆင်ပြီး Free Burma, Right to protect, Stop Killing စသည့်စာသားများ ဆိုင်းဘုတ်များတွင် ရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ ကိုင်ဆောင်ထားသော ဆန္ဒပြကြခြင်း ဖြစ်သည်။

ကယားပြည်နယ်မှာ ဆုတောင်းပွဲများလုပ်

မြန်မာစံတော်ချိန် ၁၄း၁၅ (သတင်းလွှင့်တင်ချိန်)

ကယားပြည်နယ် ဒီမောဆိုနှင့် ဖရူးဆိုး မြို့နယ်များတွင်လည်း ဘာသာအလိုက် စုပေါင်း ဝတ်ပြု ဆုတောင်းပွဲများ လုပ်ကာ မြန်မာနိုင်ငံ အခြားဒေသများတွင် ပြုလုပ်သည့် ဆန္ဒပြသူများနှင့် တသားတည်း ရှိကြောင်း ပြသနေကြသည်ဟု ကရင်နီး တိုင်းရင်းသား အဖွဲ့တခု၏ အပြောအရ သိရသည်။

တချိန်တည်းမှာပင် ယခင်က အခြေအနေများ၌ မရှိခဲ့သော စွမ်းအားရှင်များကို တရွာလျှင် (၂ဝ) ဦးနှင့်အထက် စီဖြင့် ဖွဲ့စည်းရန် မြို့နယ် မဝတရုံးများမှ အမိန့် စာထုတ်ပြန်ထားကြောင်း ကရင်နီ အမျိုးသား လူငယ် အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နအဖကလည်း ကုလ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်သို့ လာရောက်ခိုက် မြို့ပြနှင့် အလှမ်းဝေးရာ နယ်များတွင် တန်ပြန်သပိတ်များ ဆင်နွဲရန် စီစဉ်ထားရာ ယနေ့ နံနက်တွင် လွိုင်ကော်မြို့ ကျောက်တိုင်ကွင်းအတွင်း ပြုလုပ်ရန် စီစဉ်ထားသော ညီလာခံ ထောက်ခံပွဲနှင့် ဆန္ဒပြမှုများကို ရှုတ်ချပွဲ အိမ်ခြေ ၅ဝ အထက်ရှိသော ကျေးရွာများသည် လူ ၃ဝ ဦး၊ အိမ်ခြေ ၅ဝ အောက်ရှိသော ကျေးရွာတိုင်းကို လူ ၂၅ ဦး မပျက်မကွက် တက်ရောက်ရန် အမိန့် ထုတ်ထားသည်။

မန္တလေး ဆန္ဒပြဦးမည်

မြန်မာစံတော်ချိန် ၁၄း၀၅ (သတင်းလွှင့်တင်ချိန်)

လုံခြုံရေးများက ဘုန်းကြီးကျောင်းများကို ပိတ်ထားပြီး သံဃာတော်များကို ခရီးစားရိတ် ပေးပြီး နေရပ်ရင်း ပြန်ခိုင်းလိုက်မှု၊ မစ္စတာ ဂမ်ဘာရီ ခရီးစဉ် အခြေအနေ စောင့်ကြည့်မှုများကြောင့် မန္တလေးမြို့အတွင်း သံဃာတော်များ ဆန္ဒပြမှု ကျဆင်းသွားသည်ဟု သိရသည်။

သို့သော် ယနေ့ ညနေတွင် ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန္ဒပြမှု ပြုလုပ်မည်ဟု စုံစမ်းသိရှိရသည်။

လုံခြုံရေးများ ရှိနေသော်လည်း အသင့် အနေအထား မဟုတ်တော့ဘဲ သက်တောင့်သက်သာ ထိုင်နေကြသည်ကိုပင် တွေ့ရသည်။

လမ်းအများလည်း ပြန်လည်ပွင့်သွားပြီး လူအများ ပြန်လည် သွားလာနေကြသည်။

တပ်မ ၉၉ က အောင်မြေသာစံဘက်မှ ဘုန်းကြီးကျောင်းများကို စောင့်ကြည့် ထိန်းထားပြီး တပ်မ ၃၃ က ချမ်းအေးသာဇံနှင့် မဟာအောင်မြေ ဘက်တို့တွင် တပ်စွဲထားသည်။

“နာမည်ရှိတဲ့ လူတွေကို လိုက်ဖမ်းနေတာ၊ စောင့်ကြည့်နေတာတွေ လုပ်နေတာ” ဟု ဒေသခံတဦးက ပြောသည်။

“ဂမ်ဘာရီ ရဲ့ အခြေအနေကို စောင့်ကြည့်နေတာလည်း ပါတယ်” ဟု သူက ပြောသည်။

ရန်ကုန်မှာ ပိတ်ဆို့မှုလုပ်

မြန်မာစံတော်ချိန် ၁၃း၄၀ (သတင်းလွှင့်တင်ချိန်)

ရန်ကုန်မြို့တွင် ဆန္ဒပြရန် တာစူမှုများ လုပ်နေသလို စစ်အစိုးရကလည်း ပိတ်ဆို့မှုများ လိုက်လုပ်လျှက် ရှိရာ ပြည်လမ်းမကြီးပေါ်ရှိ လမ်းစွယ်များ အားလုံးကို ရဲများ၊ လုံထိန်းများက ပိတ်ဆို့ထားပြီး ယာဉ်အသွားအလာ ဖြတ်တောက်ထားသည်။

ရန်ကုန်မြို့တွင် မိုးများလည်း ရွာသွန်းနေသည်။

မဇ္ဈိမ သတင်းဌာန

 

General Strike 1 October 2007

Filed under: statement — cmpp @ 2:51 pm


မနက်ဖြန်(၁-၁၀-၂၀၀၇)ကစလို့ အထွေထွေဝန်ထမ်းသပိတ်ကြီး ဆင်နွှဲကြမယ်

နအဖအစိုးရ၏ ရက်စက်ရမ်းကားမှုများကို သိနေ တွေ့နေ မြင်နေ ကြားနေကြရသော အလုပ်သမား ၀န်ထမ်းအ ပေါင်းတို့ …. လာမည့် တနင်္လာနေ့တွင် အထွေထွေအလုပ်သမားသပိတ် စတင်ရန်အတွက်၊ အလုပ်ရုံးများ၊ ရုံးများ ကုမ္မဏီများမှအစ မည်သည့် စက်ရုံအလုပ်ရုံမကျန် လုံးဝ လုံးဝ မသွားကြရန်နှင့် ရဟန်းရှင်လူများ ဦးဆောင် လျက်ရှိသော လူထုတိုက်ပွဲကြီးနှင့်အတူ အထွေထွေအလုပ်သမားသပိတ်ကြီး စတင်ကြပါရန် အထူး၊နှိုးဆော်အပ် ပါသည်။ ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ပြည်သူအပေါ် သစ္စာစောင့်သိရန် ဖြစ်ပါသည်။ ဘာသာသာသနာနှင့် လူမျိုး ကို ဖျက်ဆီးနေသော နအဖအား စောင့်သိရန်မဟုတ်။ နအဖရဲ့ လည်ပတ်နေတဲ့ အစိုးရယန္တရားမှန်သမျှ ရပ်တန့် စေရန် ပြည်သူ့ဝန်ထမ်းအားကို အစွမ်းကုန် အသုံးပြုကြပါစို့။ ခံစားနေကြရသော ပြည်သူအား ငဲ့ညှာစွာဖြင့် လက် တွဲကြပါစို့။

 

Suggestions on how to move forward September 28, 2007

Filed under: news — cmpp @ 7:52 pm

2attachment.jpg

 

Urgent call for nationwide NON-VIOLENCE campaign in Burma

Filed under: statement — cmpp @ 10:28 am

The United Nations Secretary General’s office said Thursday that Burma has agreed to allow special envoyIbrahim Gambari to visit the country. President Bush and Southeast Asian leaders urged Burma to allow Gambari full access to all of the relevant parties. Gambari will be arriving at Burma on Saturday (Burma time).

Given this moment of golden opportunity, we, the members of OPERATION NON-VIOLENCE (BURMA) are organizing to carry out nationwide “NON-VIOLENCE” demonstration campaign in each and every major city and town.

This large-scale campaign will commence on Saturday (September 29, 2007) coincident with the arrival of UN envoy, and will be led and monitored by monks to ensure peace and stability. This peaceful campaign will result in critical talking points for Gambari to Burmese regime and hugely impact for a dramatic change in history.

Please forward this message to your friends and acquaintances in Burma and abroad, and local and international news media agencies.

Members of OPERATION NON-VIOLENCE (BURMA)

 

evening of 28 september 20007

Filed under: news — cmpp @ 9:32 am

attachment.jpg

 

Statement from People’s Movement Committee

Filed under: Uncategorized — cmpp @ 2:38 am

cavpmstatement_27_sep_2007.jpg

 

wear “red” on Friday 28 september

Filed under: news — cmpp @ 1:17 am

as a show of support to peaceful demonstrators in Burma, people around the world will wear “Red” on Friday 28 september 2007.

Will You?

မြန်မာပြည်မှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော သံဃာတော်များ နှင့် ပြည်သူများကို ထောက်ခံသော အားဖြင့် သောကြာနေ့တွင် တကမ္ဘာလုံး အနီရောင် အင်္ကျီ (သို့) လုံချည် ၀တ်ကြပါမည်။


သင်ရော .. ၀တ်မှာလား

 

Secretary-General dispatches special envoy as Myanmar situation deteriorates September 26, 2007

Filed under: news,statement,UN — cmpp @ 9:09 pm

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး၏ ကြေငြာချက်

၂၆ စက်တင်ဘာလ ၂၀၀၇

ဆိုးဝါးလာသော မြန်မာနိုင်ငံအခြေအနေများကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ၄င်း၏ အထူးသံအရာရှိကို စေလွှတ်ခြင်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက အောက်ပါကြေငြာချက်ကို ယနေ့ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ ဆိုးဝါးလာသော အခြေအနေများကြောင့်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ၄င်း၏ အထူးသံအရာရှိ မစ္စတာ ဂမ်ဘာရီကို အရှေ့တောင်အာရှဒေသသို့ အရေးပေါ်စေလွှတ်လိုက်သည်။ မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေး နှင့် အမျိုးသားပြန်လည် သင့်မြတ်စေရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ကြားဝင်ဆောင်ရွက်ပေးလိုသည့်အားလျော်စွာ မြန်မာနိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့်လည်း ဤသံတမန်ရေးတွင် အပြည့်အ၀ ပူးပေါင်းပါဝင်ကြပါရန် အထွေအထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်သည်။

မြန်မာအစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲခြင်း၊ ရိုက်နှက် ဖမ်းဆီးခြင်းများသည် တိုင်းပြည်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးတို့ကို ထိခိုက်စေမည်ဖြစ်သည်။ ထို့ကြောင့်ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းပါရန် အထွေအထွေအတွင်းရေးမှူးချုပ်က မြန်မာအစိုးရကို ထပ်မံတောင်းဆိုလိုက်သည်။

The following statement was issued today by the Spokesperson for UN Secretary-General Ban Ki-moon:

 

In response to the deteriorating situation in Myanmar, the Secretary-General is urgently dispatching his Special Envoy, Ibrahim Gambari, to the region. He calls on the senior leadership of the country to cooperate fully with this mission in order to take advantage of the willingness of the United Nations to assist in the process of national reconciliation through dialogue.

 

Noting reports of the use of force and of arrests and beatings, the Secretary-General calls again on authorities to exercise utmost restraint towards the peaceful demonstrations taking place, as such action can only undermine the prospects for peace, prosperity and stability in Myanmar.

 

A Buddhist Country?

Filed under: Uncategorized — cmpp @ 5:40 pm

ဒါလားဟဲ့ … ဗုဒ္ဓဘာသာနိုင်ငံ

buddhist-country.jpg

Source: Soneseayar

 

UN Security Council to meet on deadly Myanmar clashes

Filed under: news,UNSC — cmpp @ 5:32 pm

Wed Sep 26, 8:40 AM ET

UNITED NATIONS (AFP) – The UN Security Council is to meet Wednesday over deadly clashes in Myanmar between anti-government protesters and the military junta, French Foreign Minister Bernard Kouchner said.

The meeting was to take place at 3:00 pm (1900 GMT), according to Kouchner, whose country holds the rotating presidency of the Security Council.

“We decided to call a meeting of the Security Council,” said Kouchner, adding that the emergency meeting had been decided at the request of European members of the 15-member council.
(more…)

 

NCUB will put SPDC to International Criminal Court

Filed under: Khit Pyaing,news — cmpp @ 5:17 pm


NCUB က စစ်အစိုးရကို နိုင်ငံတကာ တရားရုံးများတွင် တရားစွဲမည်

စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာများနှင့် ပြည်သူလူထုအား အကြမ်းဖက် ဖြိုခွဲမှုကြောင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံတပ်ပေါင်းစုကြီးဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုသားကောင်စီ NCUB က နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုသွားမည်ဟု ကြေညာချက်ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့တွင် ယနေ့ဆက်လက်ဆန္ဒပြနေကြသော သံဃာများနှင့် ပြည်သူထုအား မျက်ရည်ယို ဗုံးများသုံးပြီး လူစုခွဲခြင်း၊ သေနတ်များဖြင့် ပစ်ခတ်အကြမ်းဖက်ဖြိုခွဲခြင်းများကြောင့် နိုင်ငံတကာ ရာဇ၀တ်တရားရုံးတွင် အမြန်ဆုံးတရားစွဲဆိုနိုင်ရန်စီစဉ်နေကြောင်း NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

၎င်းက “လက်ရှိမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအ၀င် ယူအက်စ်၊ အီးယူနိုင်ငံတွေကလည်း အခုဆန္ဒပြတာကို ငြိမ်းချမ်းစွာဆန္ဒပြခြင်းလို့ သတ်မှတ်ပြောဆိုနေတဲ့ ကြားက အကြမ်းဖက်ဖြိုခွဲတဲ့အတွက်ကြောင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (သို့မဟုတ်) နိုင်ငံတကာ တရားရုံးတို့မှာ တရားစွဲနိုင်ဖို့အတွက် ရှေ့နေတွေနဲ့ ညှိနှိုင်းတိုင်ပင်နေပြီး ဒီနေ့ပဲ စတင်လုပ်ဆောင် နေပါပြီ။ ဒီညပဲ သက်ဆိုင်ရာကို စာပို့တော့မှာပါ” ဟု ပြောသည်။

(more…)

 

Ma-Soe-Yein Sayadaw urges people to join the movement

Filed under: news,Yoma-3 — cmpp @ 5:07 pm

အားပေးရုံသက်သက်မဟုတ်ပဲ လူထုတရပ်လုံးပူးပေါင်းရန်မန်းသံဃာက တိုက်တွန်းနှိုးဆော်

ယနေ့ပြုလုပ်နေသည့် သံဃာတော်များ အေးချမ်းစွာ ဆန္ဒဖော်ထုတ်နေမှုကို ပြည်သူလူထု တရပ်လုံးအနေဖြင့် အားပေးရုံမဟုတ်ပဲ ပူးပေါင်းပါဝင်ကြရန် မန္တလေးမြို့၊ မစိုးရိမ်ကျောင်းမှ ဆရာတော်တပါးက မိန့်ဆိုလိုက်သည်။

ယနေ့ပြုလုပ်ခဲ့သည့် မန်းမြို့တွင်း လမ်းလျှောက်ကြွချီဆန္ဒပြမှု မြို့လုံးကျွတ် အားပေးထောက်ခံ ခဲ့ခြင်းကြောင့် စစ်အစိုးရက မျက်ရည်ယိုဗုံး အသုံးပြုဖြိုခွဲခဲ့ပြီးနောက် ယခုလို မိန့်ဆိုလိုက်ခြင်း ဖြစ်သည်။

“ကျုံးဒေါင့်မှာ တော်တော်လေးပဲ အချက်ပေါင်းများစွာ ဖောက်လိုက်တယ်၊ မိုးပေါ်ထောင်ဖောက် တယ်။ မျက်ရည်ယိုဗုံး ၇ လုံး ပစ်တယ်။ သံဃာထုထဲတော့ မပစ်ဘူး၊ လူထုကြားထဲကို မျက်ရည် ယိုဗုံး ပစ်ချတယ်။ လူထုအားပေးမှုက ဒီနေ့ သိန်းနဲ့ချီသွားတယ်။ သံဃာတွေ မန္တလေးမှာ သိန်းနဲ့ချီသွားတယ်။ သံဃာတွေက ဒီနေ့ စစ်ကြောင်းသုံးကြောင်း ကြွတာ။ လူထုကလည်း သိန်းနဲ့ချီပြီးကို အားပေးကြတာ၊ အဲ့ဒါကို ဒီကောင်တွေ လန့်သွားတာ။ အဲ့ဒါကြောင့် မျက်ရည် ယိုဗုံးနဲ့ ခွဲပစ်တာ”ဟု မစိုးရိမ်ကျောင်းမှ သံဃာတော်တပါးက မိန့်ဆိုသည်။

(more…)

 

Mandalay (26-09-07)

Filed under: news,rumours — cmpp @ 11:43 am

တစ်မြို့လုံးလောက်ပဲ။ လမ်း ၈၀ ပေါ်မှာ ၃၃ လမ်းကနေ လူတွေ ဆိုင်ကယ်တွေနဲ့ရော ခြေလျှင်လျှောက်တဲ့လူတွေရော ၂၆-လမ်းထိရှိတယ်။ ကျွန်တော်တို့ရှေ့တင် မျက်ရည်ယိုဗုံးတွေနဲ့ပစ်နေတာ။ စစ်ကားပေါ်ကနေ အမိန့်ပေးနေတာ။ အပေါ်ကိုထောင်ပစ် ထောင်ပစ်ဆိုပြီးတော့အော်ပြောနေတာ။ စစ်ကားတွေနောက်က လူအုပ်ကြီးကလိုက်နေတာ။ သေနတ်တွေနဲ့ ဆက်တိုက်တော့ပစ်တယ်။ မိုးပေါ်ကိုထောင်ပြီးတော့ ပစ်နေတာ။ ၇၃ မိန်းတက်ကသိုလ် လမ်းဘက်ကနေ ကျောင်းသူတွေ ကျောင်းသားတွေတော့ လမ်း-၈၀ ဘက်ကို သွားနေကြပြီ။

မူပိုင် – ကိုထိုက်

 

Yangon 17:30 (26-09-07)

Filed under: Mizzima,news — cmpp @ 11:37 am

ရန်ကုန်တွင် ဆန္ဒပြလူထုကြီး လူစုခွဲလိုက်ပြီ ဖြစ်သည်။

ရွှေတိဂုံ ဘုရားအနီး ဆန္ဒပြ သံဃာတော်များကို ရဲများက ရိုက်နှက်၍ သံဃာ ၃ ပါး ဆေးရုံ ရောက်ရှိခဲ့သည်ဟု ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် တဦး အပြောအရ သိရသည်။

မူပိုင် – မဇ္ဈိမ

 

Yangon 17:00 (26-09-07)

Filed under: Mizzima,news — cmpp @ 11:36 am

ဆူးလေဘုရား အနီး မိုးပေါ်ထောင်ပစ် လူစုခွဲရုံတင်မကဘဲ လူအုပ်ကြားထဲသို့ သေနတ်တချက် ပစ်ထဲ့၍ အမျိုးသမီး တဦး သေနတ် ထိမှန် သွားသည်။

အသက် ၄၅ နှစ်အရွယ် ရွှေပြည်သာမြို့နယ်နေ အမျိုးသမီးတဦးကို သွေးသံရဲရဲဖြင့် ရှိနေပြီး အနားမှ လူအများက ဆေးရုံပို့ရန် ပြင်ဆင် နေကြသည်ကို မဇ္ဈိမ အထောက်တော်က တွေ့မြင်ခဲ့ရသည်။

သူမသည် ရွှေပြည်သာ မြို့နယ်မှ ဖြစ်ကြောင်းနှင့် ခင်ပွန်းအမည် ကိုအောင်စိုးဟု သိရသည်။

မူပိုင် – မဇ္ဈိမ